လေဖိအားနည်းရပ်ဝန်း ပျက်ပျယ်ခြင်းနှင့် ၄ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်ခန့်မှန်းချက်

/ 4-day Forecast

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်ရပ်ဝန်းသည် LESS-Marked အားလျော့သွားပြီဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါသည်။ ဤ post တွင်နောက်လာမည့် ၄ ရက်အတွင်းမိုးရွာနိုင်သည့် အခြေအနေများကိုခန့်မှန်းထားပါသည်။

ဧပြီ ၁၁ ရက် ည ၆ နာရီ ၄၅ မိနစ် - Meteoblue Multi model forecast


💧 ☄️ မိုးအလွန်များနိုင်သည့် ငလျင်ဒဏ်သင့်ဒေသများ ဧပြီ ၁၃-၁၄- ၁၅ရက်များအတွင်း - နေပြည်တော်၊ ပဲခူးတိုင်း တောင်ငူ၊ ဆွာ၊ ထန်းတပင်(ပဲခူးအရှေ့)၊ ပြည်(ပဲခူး-အနောက်) တိုတွင် .. ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက် မိုးထစ်ချုန်း၍ရွာနိုင်ပါမည်။

🌨🌩 ငလျင်ဒဏ်သင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတိုတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအောက် မိုးအသင့်အတင့် ရွာနိုင်ကြောင်း ခန့်မှန်းရပါသည်။

💧 ☄️ ဧပြီ ၁၃-၁၄- ၁၅ရက်များအတွင်း ငလျင်ဒဏ်ကို"ဆိုးရွာစွာ"မခံရသည့် တိုင်းနှင့်ပြည်နယ်များဖြစ်သည့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တိုတွင် ၂၄ နာရီအတွင်း ၃၀ မီလီမီတာနှင့်အထက် နေရာကျဲကျဲ မိုးရွာနိုင်/မိုးများနိုင်ပါမည်။

🌨🌩 ကျန်ပြည်နယ်တိုင်းဒေသများတွင် ဧပြီ ၁၃-၁၄- ၁၅ရက်များအတွင်း ၃၀ မီလီမီတာအထက် ၂၄ နာရီအတွင်း မရွာနိုင်သဖြင့် မိုးအသင့်အတင့်ရွာနိုင်မည့်ဒေသများအဖြစ်သာ ခန့်မှန်းပါသည်။

Conversion 30mm = 1.86 inch

📌 မိမိနေထိုင်ရာဒေသနှင့်နီးစပ်သည့် မြိုများအတွက် နောက် ၄ ရက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို https://www.mmweather.org/divisional-cities-weather တွင် ကြည့်နိုင်ပါသည်။

1 2 3 4 5 6

Next Post Previous Post

📱 Download APK

Useful Links