ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့လာသည့် 92B အခြေအနေ UPDATE
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့လာသည့် 92B အခြေအနေ UPDATE
ဧပြီ ၁၀ ရက် ည ၆ နာရီ ၂၀ မိနစ်
🔸 ကြိုတင်ခန့်မှန်းရေး သင်္ချာပုံစံပြုမော်ဒယ်များဖြစ်တဲ့ ECMWF, NCEP, GFS, IMD GFS မော်ဒယ်များအားလုံးက နောက်လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာတဖြည်းဖြည်းအားလျော့သွားပြီးနောက် အထက်လေပွေလှိင်း (UACC)က နောက် ၂ ရက် ၃ ရက်မှာ မြန်မာနိုင်ငံပေါ်သိုဆက်လက်ရွေ့လျားသွားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။
🔸 လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်းသည် စစ်တွေမြို အနောက်တောင်ဘက် မိုင် ၄၅၀ ခန့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
🔸 ဆက်လက်တည်ရှိနေဆဲ လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အထက်လေပွေလှိင်း(UACC)ရဲ့ မြန်မာနိုင်ငံဘက်သိုဆက်လက်ရွေ့လျားနေမည့်အခြေအနေများကြောင့် ဧပြီ ၁၁ ရက်မှ ၁၄ ရက်အထိ -
💦 မြန်မာတနိုင်ငံလုံးမှာ မိုးအနည်းငယ်မှ အသင့်အတင့် ဆက်လက်ရွာသွန်းနေဦးမှာဖြစ်ပြီး၊
💦 ရခိုင်ကမ်းရိုးတန်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း တွေ့ရပါတယ်။