လေဖိအားနည်းရပ်ဝန်း အားပျော့လာ (April 10, 2025 - Update)
📌 ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းကိုဝင်ရောက်လာတဲ့ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားတာဒီနေ့မနက်ပိုင်းမှာ DMINT ခန့်မှန်းချက်များမှ စ ပြီးတွေ့ရပါတယ်။ မနေ့ညနေကအထိ လေဖိအားနည်းရပ်ဝန်းဗဟိုအနီး လေတိုက်နှုန်း 25 knots ရှိခဲ့ရာက ဒီနေ့မနက်ပိုင်းမှ 15 knots အထိလျော့ကျသွားပါတယ်။ (1 knot = 1.15 mph)
📌 JTWC reference တွေနဲ့ တင်ပေးနေတဲ့ zoom-earth မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကို ရောက်လာတဲ့ လေဖိအားနည်းရပ်ဝန်းက အရှေ့မြောက်ဘက်ကို ချိုးကွေ့နေပြီဖြစ်ကြောင်းတွေ့ရပါတယ်။
ဦးတည်ရာအရပ်ပြောင်းလာတဲ့ လေဖိအားနည်းရပ်ဝန်း 92B ရဲ့ ရှေ့က မိုးတိမ်တွေက ကမ်းရိုးတန်းကို အရင်ရောက်လာနိုင်တာကြောင့် - ☄️💧 ဒီနေ့ ၁၀ ရက်နေ့ ညနေနဲ့ ညပိုင်းမှ စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးမြိုမြောက်ဘက်ဒေသတချိုမှာ မိုးများနိုင်ပါမယ်။
🌦🌧 ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ဒီနေ့ ည ပိုင်းက စတင်ရွာနိုင်ပါမယ်။
🌬 စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံတောင်ဘက်မုတ္တမကွေ့မှာ တနာရီ မိုင်၂၀ မှ ၃၀ ခန့်အထိ၊ လေပြင်းတိုက်ခတ်နိုင်ပါမယ်။