Apr11-25-လှည်းကူး Weather Station မှ ရရှိသော အချက်အလက်များ

/ Hlegu Weather Station

ဒီနေ့ မိုးရွာလိုက်တဲ့ အခြေအနေကို လှည်းကူး(ပိုက်ကြီးဝဲ)မှာ ထိုင်ထားတဲ့ GSM Weather Station က ရတဲ့ မိုးလေဝသဆိုင်ရာ အချက်အလက်များကို ပြောပြပေးပါမယ် -

အပူချိန်

နေ့လည် ၁ နာ ရီ ၃၅ မိနစ်မှာ အပူချိန်အမြင့်ဆုံး ၃၆.၈°C ရှိပြီး ခံစားရတဲ့ အပူချိန်(feels like or Apparent Temperature) က ၁၂ နာရီ ၄ မိနစ် မှာ ၄၅.၇°C အထိ ရှိခဲ့ကြောင်းတွေ့ရပါတယ်။

စိုထိုင်းဆ

နေ့လည် ၁ နာရီ ၂၁ မိနစ် မှာ အမြင့်ဆုံး ၉၉% နဲ့ ၁နာရီ ၂၄ မိနစ်မှာ ၄၈% ရှိခဲ့တာတွေ့ရပါတယ်။

လေတိုက်နှုန်း

၂ နာရီ ၂၅ မိနစ်မှာ အနောက်မြောက်ဘက်မှ - အမြင့်ဆုံး တနာရီ ၈.၅ မိုင်နှုန်း ရှိခဲ့ပြီး၊ ၁ နာရီ ၅၉ မိနစ်မှာ Gust wind တနာရီ ၁၀.၃ မိုင်နှုန်း ရှိခဲ့ကြောင်းတွေ့ရပါတယ်။

မိုးရွာသွန်းသည့်အခြေအနေ

  • ညနေ ၄ နာရီ ၃ မိနစ်မှာ တစ်နာရီ ၃၉.၀ မီလီမီတာနှုန်း(၁.၅၄ လက်မ)နဲ့ ရွာတာကြောင့် အဲ့ဒီအချိန်မှာ မိုးသည်းထန်ခဲ့ပါတယ်။
  • ညနေ ၆ နာရီ ၁၀ မိနစ်အထိ ရရှိတဲ့ မိုးရေချိန်ပေါင်း ကတော့ ၂၇.၇ မီလီမီတာ(၁.၀၉ လက်မ)ရှိခဲ့ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း

နံနက် ၁၁ နာရီ ၁၄ မိနစ်မှာ UV index 10 ရှိပါတယ်။

Solar Radiation

နံနက် ၁၁ နာရီ ၁၄ မိနစ်အချိန်မှာ ၁ စတုရန်းမီတာ ဧရိယာရှိတဲ့ ဆိုလာပြား(standard)မှာ လျှပ်စစ်ဓါတ်အားထုတ်နိုင်မှု ၁၁၆၃.၅ ဝပ်(1163.5 W/m2) ရှိကြောင်း မိုလေဝသတိုင်းတာရေးစက် WS-5000 မှာ တိုင်းတာရရှိချက်များကို တင်ပြလိုက်ပါတယ်။

photo_2025-04-11_20-27-09

Next Post Previous Post

📱 Download APK

Useful Links