Apr13-25-WeatherForecast for 3 days

/ Weather Forecast

ဧပြီ ၁၃-၁၄ နှင့် ၁၅ ရက် အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက်များ

ဧပြီ ၁၃ ရက်၊ နေ့လည် ၁၂ နာရီ ထုတ်ပြန်ချက်


☁️🌩 ဒီနေ့ - ဧပြီ ၁၃ ရက် နေ့လည် ၁၂ နာရီအထိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေကို အနောက်တောင်ဘက်ပင်လယ်ပြင်မှ တိမ်တွေရွေ့လျားဝင်ရောက်လာတာတွေ့ရပါတယ်။

⛈ ဒီနေ့(၁၃ ရက်)ညနေပိုင်းမှာ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ မိုးအသင့်အတင့်ထစ်ချုန်းရွာပြီး နေရာကွက်၍မိုးများနိုင်ပါတယ်။

⛈💦 ဧပြီလ ၁၄ ရက်နေ့မှာ မိုးရွာနိုင်/မိုးများနိုင်မည့်ဒေသများ

မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးရိုးမ အရှေ့ခြမ်း(ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက်)မှာ မိုးအသင့်အတင့်မှ မိုးများနိုင်တဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။

⛈💦 ဧပြီလ ၁၅ ရက်နေ့မှာတော့ - မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအသင့်အတင့် မှ နေရာကွက်ပြီးမိုးများနိုင်ပါမယ်။

🔸 မြန်မာနိုင်ငံ ပြည်နယ်တိုင်းဒေသကြီး၊ မြို့များရဲ့ ၄ ရက်စာ မိုးလေဝသအခြေအနေများကို ၃ နာရီ တကြိမ် အလိုအလျှောက် update ဖြစ်နေသည့် weather-widget များမှာကြည့်နိုင်ပါမယ် - Widget ကြည့်နည်းပုံကိုလဲ ဒီ post မှာတွဲပြီး တင်ပေးထားပါတယ်။

https://www.mmweather.org/divisional-cities-weather

⚠️ ငလျင်နှင့်ပတ်သက်ပြီး မေးလာတဲ့ comment တွေကို မိုးလေဝသ-post မှာ ပြန်ဖြေပေးမှာ မဟုတ်ပါ။ ⚠️

1 2 4 3

Next Post Previous Post

📱 Download APK

Useful Links