ပြည်နယ်နှင့်တိုင်းများအလိုက် ၂၀၂၅ ခုနှစ်၊ မိုးရာသီအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခန့်မှန်းချက်
ဧပြီလ
ကချင်ပြည်နယ်တွင် ဧပြီလ၏ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်များအောက် ၄၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ လျော့နည်းရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့် ရွာသွန်းနိုင်ပါမည်။
မေလ
ကချင်ပြည်နယ်အထက်ပိုင်းတွင် ရွာသွန်းမြဲအောက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာအထိ မိုးဆက်လက်လျော့နည်းနေနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း - နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအတိုင်းမိုးရွာနိုင်ပါမည်။
ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့်အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း။ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါသည်။
ဇွန်လ
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်ဒေသအချို့နှင့် ကရင်ပြည်နယ်ဒေသအချို့၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ ဒေသများတို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းတွင် နှစ်စဉ်ရွာသွန်းမြဲအောက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးလျော့နည်းရွာသွန်းနိုင်ပါသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ပါသည်။
အထက်ဖေါ်ပြပါ မိုးကြို/မိုးဦး/မိုးလယ်/မိုးနှောင်း ကာလများတွင် ဖြစ်ပေါ်နိုင်မည့် မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်များသည် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာနိုင်ဘွယ်ရှိသည့် ထူးခြားမိုးလေဝသဖြစ်စဉ်များကြောင့် ပြောင်းလဲနိုင်ပြီး၊ မိုးလွန်ကာလအတွင်း အစွန်းရောက်ရာသီဥတု(လာနီညာ/အယ်လ်နီညို/အိန္ဒိယနီညို ခေါ် IOD)ဖြစ်နိုင်ချေများက ကြိုတင်ခန့်မှန်းချက်များအပေါ် သက်ရောက်မှုရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် MMWeather မှ တင်ပြနေမည်ဖြစ်သော မိုးလေဝသအခြေအနေများ၊ ပြည်နယ်တိုင်းဒေသများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက် weather widget များကို စောင့်ကြည့်ပေးကြပါရန် နိဂုံးချုပ်အားဖြင့်တင်ပြလိုက်ပါသည်။
ဇူလိုင်လ
မိုးလယ်ကာလဖြစ်သောဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအောက် မိုးရေချိန် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ လျော့နည်းရွာသွန်းနိုင်ပြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသအချို့တို့တွင် နှစ်စဉ်ပုံမှန်ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်ပါသည်။ စစ်ကိုင်းတိုင်အောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ အထိ မိုးပိုမိုရွာသွန်းနိုင်ပါသည်။
ဩဂုတ်လ
မိုးလယ်ကာလနှောင်းပိုင်းဖြစ်သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ရွာသွန်းမြဲအောက်လျော့နည်းသောဒေသများ ရှိနေမည်ဖြစ်၍ မိုးအားလျော့နည်းနိုင်သည့် ကာလဖြစ်ပါမည်။
စက်တင်ဘာလ
မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံဒေသအားလုံးတွင် အများအားဖြင့် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အောက် လျော့နည်းနေနိုင်ပြီး ဒေသအချို့တွင်သာ ရွာသွန်းမြဲခန့်မိုးရွာသွန်းနိုင်ချေရှိကြောင်း တွေ့ရသည့်အတွက် ၂၀၂၅ ခုနှစ်၏ မိုးနှောင်းကာလတွင် မိုးနည်းနေနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များ၌ တွေ့ရပါသည်။
အထက်ဖေါ်ပြပါ မိုးကြို/မိုးဦး/မိုးလယ်/မိုးနှောင်း ကာလများတွင် ဖြစ်ပေါ်နိုင်မည့် မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်များသည် - "ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာနိုင်ဘွယ်ရှိသည့် ထူးခြားမိုးလေဝသဖြစ်စဉ်များကြောင့် ပြောင်းလဲနိုင်ပြီး၊ မိုးလွန်ကာလအတွင်း အစွန်းရောက်ရာသီဥတု(လာနီညာ/အယ်လ်နီညို/အိန္ဒိယနီညို ခေါ် IOD)ဖြစ်နိုင်ချေများက ကြိုတင်ခန့်မှန်းချက်များအပေါ် သက်ရောက်မှုရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် MMWeather မှ တင်ပြနေမည်ဖြစ်သော မိုးလေဝသအခြေအနေများ၊ ပြည်နယ်တိုင်းဒေသများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက် weather widget များကို စောင့်ကြည့်ပေးကြပါရန် နိဂုံးချုပ်အားဖြင့်တင်ပြလိုက်ပါသည်။"