ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းဖြစ်နိုင်ချေမြင့်တက်လာ
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းဖြစ်နိုင်ချေမြင့်တက်လာ ဧပြီလ ၆ ရက် - နေ့လည် ၁ နာရီ update
🔺 ယခုတင်ပြထားသည့် ကြိုတင်ခန့်မှန်းချက်များကို ပြင်ဆင်ရေးသားလျှင် အဓိပ္ပါယ်လွဲမှားသွားနိုင်ပါသည်။
🔺 အထိတ်တလန့်ဖြစ်စေလိုသည့်ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မည့် အခြေအနေများကို ချဲ့ကားရေးသားဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
====
🔸 ဧပြီလ ၆ ရက် - ဒီနေ့မှာ ပစိဖိတ်သမုဒ္ဒရာ-မုန်တိုင်းများစောင့်ကြည့်သတိပေးနေတဲ့ JTWC က ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းဖြစ်လာနိုင်ချေရှိတာကြောင့် စောင့်ကြည့်ရမဲ့ စနစ်(INVEST-92B ဖြစ်ပေါ်ကြောင်း zoomearth နှင့် TropicalTitbits site တွေမှာဖေါ်ပြလာပါတယ်။
🔸 ECMWF Cyclone မုန်တိုင်းဖြစ်ပေါ်နိုင်ချေ စောင့်ကြည့်သည့် site မှလည်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်အတွင်း မုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်း တွေ့ရပါတယ်။
🔸 ဧပြီလ ၉ ရက်မှ ၁၁ ရက်အတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ဆက်လက်ရွေ့လျားနိုင်တဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေကတော့ ၇၀% ရှိကြောင်းတွေ့ရပါတယ်။
🔸 အလားတူ ... ECMWF AI chart မှာတိမ်ဖုံးအုပ်မှုကြိုတင်ခန့်မှန်းချက်အရ တိမ်အမြင့်/အလယ်နဲ့ အနိမ့်တိမ်ထုတွေသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဘက်ကိုရွေ့လျားနိုင်ချေက ၇၀% ရှိနေတာကြောင့် ..
⚠️ အခုလို တိမ်တိုက်များရွေ့လျးဝင်ရောက်နိုင်မဲ့အခြေအနေနဲ့ဆိုရင် ဧပြီလ ၈ ရက်နေ့မှ စတင်ပြီး ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်မဲ့ဖြစ်နိုင်ချေ မြင့်တက်လာနိုင်မယ်လို ကြိုတင်ခန့်မှန်းသုံးသပ်နိုင်ပါတယ်။ အချုပ်အားဖြင့် -
⚠️ ဧပြီလ ၇ ရက်နေ့မှ စတင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းဖြစ်လာနိုင်ချေနဲ့ မြန်မာကမ်းရိုးတန်းဘက်ကို ဆက်လက်ရွေ့လျားနိုင်တဲ့ ဖြစ်နိုင်ချေတွေ မြင့်တက်လာကြောင်း၊
⚠️ ငလျင်ဒဏ်သင့်ဒေသခံများအတွက် အမိုးအကာများ စတင်စီစဉ်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊
⚠️ ရုတ်တရက် မိုးများနိုင်မည့်အခြေအနေကြောင့် ရေကြီးနိုင်မည့်အန္တရာယ်ရှိလာနိုင်ကြောင်း၊
⚠️ ငလျင်ထိထားသည့် မြေအောက်မြေထုလွှာအခြေအနေများကြောင့် မြေပြို/မြေကျွံနိုင်သည့် အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ်ပါကြောင်းနှင့် ...
⚠️ တရားဝင် မိုးလေဝသဌာနကြီးများမှ ထုတ်ပြန်ချက်များကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားမှာဖြစ်ပါကြောင်း ကနဦးတင်ပြလိုက်ပါတယ်။
Original Post: https://t.me/mmweather/5504