Apr5-23:28-Update

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နိုင်တဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်းနှင့် အဲ့ဒီလေဖိအားနည်းရပ်ဝန်းအရှိန် သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ မိုးအနည်းငယ်မှမိုးများနိုင်သော အခြေအနေဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေတာကို တင်ပြပေးသွားပါမယ်။

ဒီနေ့ ဧပြီ ၅ ရက် ညနေပိုင်းအထိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်နေတဲ့ အထက်လေပွေလှိင်းသည် - လေဖိအားနည်းရပ်ဝန်း(LPA)လိုလဲ ခေါ်မရသေး၊ အပြည်ပြည်ဆိုင်ရာမိုးလေဝသဌာနကြီးတွေကလဲ INVEST အဆင့်တောင်မှ သတ်မှတ်ခြင်းမရှိသေးပါ။

ECMWF Cyclonic Genesis Chart က တော့ ဧပြီလ ၈ ရက်နေ့မှာ မုန်တိုင်းဖြစ်နိုင်ချေ ၆၀% ၊ ၉ ရက်နေ့မှာ ၇၀% ရှိနေနိုင်ကြောင်း ဖေါ်ပြပါတယ်။

NOAA GFS model ကတော့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်ယ်အော်မြောက်ပိုင်းကို ဦးတည်ရွေ့လျားနိုင်ကြောင်း၊ မုန်တိုင်းတခုဖြစ်လာဘိုအတွက်တော့ သေချာမှုမရှိသေးကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

ဒီအခြေအနေတွေက မြန်မာနိုင်ငံဘက်ကို အနောက်၊ အနောက်တောင်ဘက်နဲ့ တောင်ဘက်က လေစီးကြောင်းများ မိုးတိမ်များနဲ့အတူ အောက်ဖေါ်ပြပါဒေသတွေဆီကို မိုးတွေ သယ်ဆောင်လာပါဦးမယ်။

ဒီနေ့(ဧပြီ ၅ ရက် ညနေ/ညပိုင်း)အလယ်ပိုင်း ဒေသတွေ(မန္တလေးတိုင်းအတွင်း)ရွာသွားတဲ့ မိုးကသည်းထန်ပေမဲ့ အချိန်မကြာ၊ နေရာကျဉ်းကျဉ်းရွာခဲ့တာကြောင့် မိုးများတယ် မခေါ်နိုင်ပေမဲ့ .. ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းမှ ၁၃ ရက် မွန်းလွဲပိုင်းအထိ၊ ၄၈ နာရီအတွင်း မှာ မိုးအသင့်အတင့်ရွာနိုင်တဲ့ အခြေအနေတွေ တွေ့ရပါတယ်။ ဧပြီ ၁၂ ရက်မှာတော့ မိုးပိုကောင်းလာနိုင်တယ်၊ မိုးအနည်းငယ်မှ မိုးများနိုင်ပါမယ်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေ မှာ နေရာစိပ်စိပ်နဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်ပါမယ်။

ပြည်နယ်တိုင်းမြိုကြီးများနှင့်အခြားမြိုများ၏ ၄ ရက်စာ မိုးလေဝသအခြေအနေစာမျက်နှာမှာ ... ပြည်နယ်တိုင်း ၁၅ ခုမှ မြိုပေါင်း ၂၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များ တင်ပေးထားပါတယ် ... https://www.mmweather.org/divisional-cities-weather

Next Post Previous Post

📱 Download APK

Useful Links