Apr5-12:20-Update
ဧပြီလ ၅ ရက် နေ့လည် ၁၂ နာရီမှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်များတွင် တိမ်ထူထပ်လာတာတွေ့ရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၁.၃ ကီလိုမီတာအမြင့်မှာ လေဝဲစီးကြောင်း(လေပွေလှိင်း)တခု ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာချက်လည်းရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသည့် လေဖိအားနည်းရပ်ဝန်းတခု ဧပြီလ ၆ ရက်/၇ ရက်နေ့များမှာ ဖြစ်ပေါ်နိုင်ကြောင်း Global Forecast model များမှ ခန့်မှန်းထားသည်ကို တွေ့ရပါတယ်။ ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ ကိုတင်ပြရရင် - ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေပွေလှိင်းကြောင့် - ⛈ နောက်လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း-ထားဝယ်မြို- အထက်ဘက်တိုတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင် (၂၄ နာရီအတွင်း ၄၀ မီလီမီတာအထက် - ၁.၆ လက်မ ခန့်) ရွာသွန်းနိုင်ပါမယ်။ ⛈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတိုတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း METEOBLUE NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။ ခန့်မှန်းမိုးရေချိန် (၂၄ နာရီအတွင်း ၅ မီလီမီတာခန့် - ၀.၂ လက်မခန့်အထိ)ရွာသွန်းနိုင်ပါမယ်။ (ဧပြီလ - ၅ ရက် - နေ့လည် ၁၂ နာရီ ၀၅ မိနစ်)
Original Post: https://t.me/mmweather/5492