အိန္ဒိယမိုးလေဝသဌာန(IMD)ထုတ်ပြန်ချက်

အိန္ဒိယမိုးလေဝသဌာန)IMD)က ဧပြီလ ၆ ရက်(ယနေ့ နေ့လည် မြန်မာအချိန် ၁ နာရီခွဲ)ထုတ်ပြန်ချက်မှာ -

🔸 ယမန်နေ့(ဧပြီ ၅ ရက်နေ့)က အထက်လေထုလွှာအတွင်း ဖြစ်‌ပေါ်နေတဲ့ လေပွေလှိင်း(Upper Air Cyclonic Circilation)သည် ဒီနေ့ ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၅.၈ ကီလိုမီတာ(ပေ ၁၉,၀၀၀ ကျော် မှာ)ဆက်လက်တည်ရှိနေကြောင်း၊

🔸 ဒီလေပွေလှိင်းရဲ့အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area - LPA) ဖြစ်ပေါ်လာနိုင်ကြောင်း၊

🔸 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တိုတွင် တိမ်ထူထပ်လျှက်ရှိကြောင်း၊

🔸 ဘင်္ဂလာပင်လယ်အော် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ၂၉°C - ၃၀°C တွင် ရှိနေပြီး၊ ပင်လယ်ပြင်အခြေအနေများ (MJO Equatorial waves condition ကို အသေးစိတ်ထပ်မရှင်းပြတော့ပါ) က လေဖိအားနည်ရပ်ဝန်းဖြစ်လာနိုင်စေမည့် လုံလောက်သော အခြေအနေပေးလျှက်ရှိကြောင်း၊

🔸 ကြိုတင်ခန့်မှန်းရေး model များ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးလျှင် သိသိသာသာအင်အား ပိုပိုကောင်းလာခြင်းမရှိပဲ အနောက်-အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ECMWF model ကတော့ ဧပြီလ ၈ ရက်နေ့တွင် LPA ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း စသည်ဖြင့် ထုတ်ပြန်ထားပါတယ်။

photo_2025-04-06_15-09-19%20%282%29 photo_2025-04-06_15-09-19

Next Post Previous Post

📱 Download APK

Useful Links