Apr8-25-92B-Update(Morning)

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း လတ်တလောအမည် 92B သည် အိန္ဒိယနိုင်ငံ၊ - Chennai မြို အရှေ့ဘက် ၃၄၅ မိုင်ခန့်၊ မြန်မာနိုင်ငံစစ်တွေမြို၏ အနောက်တောင်ဘက် မိုင် ၆၇၀ ခန့်နှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြိုတောင်-အနောက်ဘက် မိုင် ၆၅၀ ခန့်အကွာ တွင် ဗဟိုပြလျှက်ရှိပြီး၊ မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။

လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များ၌ မုန်တိုင်းဖြစ်နိုင်ချေ ၉၀% ရှိကြောင်း ECMWF Cyclone Genesis chart မှလည်း ကြိုတင်ခန့်မှန်းထားပါသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဧပြီလ ၉ ရက် မှ စတင်၍ ၁၄-၁၅ ရက်အတွင်း .. ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် စ တဲ့ ဒေသများအတွင်း နေရာစိပ်စိပ်နှင့် နေရာကွက်ကြား မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။

နောက် ၄ ရက်အတွက်၊ မိုးလေဝသအခြေအနေကြည့်ရန် https://www.mmweather.org/divisional-cities-weather

(ဧပြီလ ၈ ရက် နံနက် ၉ နာရီ UPDATE)

photo_2025-04-08_09-55-17 photo_2025-04-08_08-40-33 photo_2025-04-08_09-55-18%20%282%29 photo_2025-04-08_09-55-18%20%283%29 photo_2025-04-08_09-55-18

Next Post Previous Post

📱 Download APK

Useful Links