အိန္ဒိယမိုးလေဝသထုတ်ပြန်ချက် Update (ဧပြီ ၈ ရက်၊ ၂၀၂၅)

"သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် ၄၈ နာရီအတွင်း မြောက်-အနောက်မြောက်နှင့် မြောက်-အရှေ့မြောက်ဘက်တိုသို ချိုးကွေ့ကာ ဖြည်းဖြည်းချင်းအားပျော့သွားနိုင်မည်ဟု အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်"

(ဧပြီ ၈ ရက်၊ နေ့လည် ၂ နာရီ ခွဲ model UPDATE)


🔸 သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း အိန္ဒိယ မိုးလေဝသ ထုတ်ပြန်ချက်တွင် ဖေါ်ပြလာသည့်အတွက် လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာကြောင်း၊

🔸 သတင်းထုတ်ပြန်ချိန်မှ နောက် ၂၄ နာရီအတွင်း Well-marked LPA အဖြစ်၊ အနောက်-အနောက်မြောက်ဘက်သို ရွှေ့လျားပြီးနောက် မြောက်-အရှေ့မြောက်ဘက်သိုချိုးကွေ့ရွေ့လျားပြီး ၂၄ နာရီအတွင်း တဖြည်းဖြည်းချင်းအားပျော့လာနိုင်မည် .. ဟု ဖေါ်ပြပါရှိပါသည်။

🔸 ထိုကြောင့် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ LOW ဟု ဖေါ်ပြထားကြောင်းတွေ့ရပြီး၊ ထုတ်ပြန်ချက်မှ အသေးစိတ်ရှင်းလင်းချက်များကို ပုံများတွင်ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံဘက်သို ဦးတည်ရွေလျားနိုင်ချေ လျောနည်းသွားသော်လည်း အနောက်တောင်ဘက်မှ လေစီးကြောင်းက သယ်ဆောင်လာမည့် မိုးတိမ်များနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်သက်ရောက်မှုကြောင့် ဧပြီလ ၉ ရက် မှ ၁၄ ရက် အတွင်း -

💦 ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း တိုတွင် နေရာကွက်ကြားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်း(တနာရီ ၁၅ မိုင် မှ ၂၈ မိုင်အထိ) တိုက်နိုင်ပါသည်။

💨 မိုးတိမ်တောင်ကြီးများမှ စိုက်ဆင်းလေပြင်းဖြစ်ပေါ်တိုက်ခတ်နိုင်ချေလည်း ရှိသဖြင့် မိုးကြိုကာလ(ဧပြီ ၁၆ ရက်မှ မေလ ၁၅ ရက်အထိ)မရောက်မီ ရုတ်တရက်ဖြစ်ပေါ်လာသည့် ထူးခြားသော မိုးလေဝသအခြေကို သတိထားနိုင်ကြပါရန် တင်ပြလိုက်ပါသည်။

အန္တရာယ်ပေးနိုင်တဲ့ "စိုက်ဆင်းလေပြင်း" https://www.mmweather.org/special-weather-situation/downburst#h.l8cma7tf73w3

photo_2025-04-08_14-49-41 photo_2025-04-08_14-49-42 photo_2025-04-08_14-49-43%20%282%29 photo_2025-04-08_14-49-43

Next Post Previous Post

📱 Download APK

Useful Links