Apr8-25-ညပိုင်းတွင်မုန်တိုင်းငယ်ဖြစ်နိုင်
ဧပြီလ ၈ ရက် နံနက် ၂ နာရီ ECMWF model update အရ - INVEST-92B(လေဖိအားနည်းရပ်ဝန်း)သည် အားပိုကောင်းလာပြီး Deep Depression(မုန်တိုင်းငယ်)အဆင့်သို့ရောက်လာနိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရွေ့လျားနိုင်ကြောင်း တရားဝင်မိုးလေဝသဌာနများမှ ထုတ်ပြန်ထားပြီး ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ၁၀၀% အတည်မပြုနိုင်သေးပါ။
zoom-earth တွင် တင်ထားသည့် JTWC တိုင်းတာချက်အရ ဗဟိုအနီး လေတိုက်နှုန်း 20 knots(တနာရီ ၂၃ မိုင်ခန့်)နှင့် ဗဟိုဖိအား ၁၀၀၈ ဟက်တိုပါစကယ်(1008 hPa)ရှိနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်းတွေ့ရပါသည်။
(ဧပြီလ ၈ ရက် နံနက် ၂ နာရီ)