SOP for Weather Forecasting & Warning
မိုးရွာတဲ့အခါ -
မိုးနည်းတယ်၊
မိုးအသင့်အတင့်ရွာတယ်၊
မိုးများတယ်၊
မိုးအလွန်များတယ်
ဆိုတဲ့ အများနားယဉ်ပြီးသား ဝေါဟာရတွေနဲ့ ပြောကြတယ်။ အဲ့ဒီမှာမှ လျှပ်စီးလေးလက် မိုးကြိုးလေးပစ်လိုက်ရင် ထစ်ချုန်းမိုးရွာတယ်ပေါ့။ လေပါပြင်းပြင်းတိုက်တော့ မိုးသက်လေပြင်းကျတယ်၊ မိုးရော လေရော ကြမ်းလိုက်တာ ပြောကြတယ်။
မိုးရွာလိုက်တာ ရေအတော်ပါတယ်ဟ! လို ပြောကြတာလဲ ရှိသေးတယ်။
ဒီနေရာမှာ အဲဒီ ဝေါဟာရတွေထဲက မိုးနည်းတယ် မိုးများတယ် မိုးအသင့်အတင့် ဆိုတာတွေကို ဘယ်လိုတိုင်းပြီး ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ မသိကြတာများတယ်။ အဲ့ဒါကို ခွဲခြားသိကြရအောင်တော့ ရှင်းပြပါဦးမယ်။
မိုးရွာခြင်းအနည်းအများက မီလီမီတာနဲ့ စင်တီမီတာနဲ့ လက်မနဲ့ ဖေါ်ပြကြရာမှာ ကျနော်တို မြန်မာနိုင်ငံမှာတော့ လက်မနဲ့ဖေါ်ပြတာကိုဘဲ သိကြတယ်။ ဘယ်နှစ်လက်မဆိုများတယ်ဆိုတာ တန်း သိကြတာလဲရှိတယ်၊ မသိကြတာလဲ ရှိတယ်။
အိန္ဒိယမိုးလေဝသဋ္ဌာနရဲ့ SOP(Standard Operation Procedure)မှာ ဒီလိုဖေါ်ပြထားတယ်။
"၂၄ နာရီ" ၁ ရက်အတွင်း ရွာတဲ့ မိုးရေချိန်တွေက -
မိုးနည်း/အလွန်နည်းတာကို Very light rainfall - 2.4 mm = 0.01 inch
တလက်မရဲ့ ဆယ်ပုံပုံ - ၁ ပုံလောက်ပဲ ရွာတာ
မိုးနည်းတယ် light rain - 2.5 to 15.5 mm = 0.01 inch to 0.61 inch
လက်မဝက် ကျော်ကျော်လောက်အထိရွာတာ
မိုးအသင့်အတင့် moderate rain - 15.6 to 64.4 mm = 0.61 to 2.53 inch
လက်မဝက်ကျော် - ၂ လက်မ ခွဲလောက်အထိရွာတာ
မိုးများ heavy rain - 64.5 - 115.5 mm = 2.53 - 4.55 inch
၂ လက်မခွဲကျော်မှ ၄.၅၅ လက်မဆိုတော့ ၅ လက်မ နီးပါးပေါ့
မိုးအလွန်များ - Very Heavy Rain - 115.6 - 204.4 mm = 4.55-8.04 inch
၅ လက်မ နီးပါးမှ ၈ လက်မ ကျော်အထိရွာတာ
မိုးအလွန့်အလွန်များ - Extremely heavy rain - 204.5 mm or 21 cm up - ၈ လက်မ အထက်ပေါ့
အိန္ဒိယမိုးလေဝသဋ္ဌာန SOP မှာ နောက်ဆုံးပြထားတဲ့ Exceptional Heavy Rainfall ဆိုတာကတော့ မိုးလေဝသစခန်း(station)တခုရဲ့ မိုးအများဆုံးစံချိန်တင်ထားတဲ့ မိုးရေချိန်နီးနီးရွာတာ ဒါပေမဲ့ ၁၂ စင်တီမီတာထက်တော့ ပိုရမယ်လို ဆိုတယ်။
မိုးတွေအရမ်းသည်းနေပေမဲ့ နောက်တနည်းပြောရရင် တနာရီအတွင်းမိုးရွာတဲ့နှုန်း rain rate က များနေပေမဲ့ အခုပြောတဲ့ ၂၄ နာရီအတွင်းရှိရမဲ့ မိုးရေချိန်ကို မှီချင်မှ မှီမယ်။ ၂၄ နာရီအတွင်း ရရှိတဲ့ မိုးရေချိိန်ပမာဏပေါ်မူတည်ပြီးမှသာ မိုးနည်းတယ် မိုးများတယ်ပြောလိုရပါတယ်။
မိုးများမှာလား နည်းမှာလား မေးချင်သူတွေများလို ဒီ SOP ကို ရှင်းပြတာပါ။
https://www.mmweather.org/divisional-cities-weather
ဒီလင့်မှာကြည့် - ပြီးရင် တရက်အတွင်း မိုးရေချိန်ကြိုတင်ခန့်မှန်းထားတာကိုကြည့် - မိုးနည်းမလား မများများမလား ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ကြပေတော့ဗျ။ နမူနာပုံလေး ထပ်တွဲပေးလိုက်ပါဦးမယ်။
Original Post: https://t.me/mmweather_CHAT/50584