Apr7-25-Morning-Update

ဧပြီလ ၇ ရက် နံနက်ပိုင်းမှာ တွေ့ရတဲ့ ဂြိုဟ်တုတိမ်ပုံတွေနဲ့ D-PRINT (DeeP learning - IR INtensity of TCs) အချက်အလက်များအရ 92B က အားကောင်းလာခြင်းမရှိပါ။ 14knots to 16 knots(တနာရီ ၁၆.၁၁ မိုင်မှ ၁၈.၄၁ မိုင်နှုန်းခန့်သာ 92B ရဲ့ ဗဟိုအနီးလေတိုက်နှုန်းရှိနေကြောင်း တွေ့ရပါတယ်။

အားပျော့တဲ့ လာနီညာဆက်လက်ဖြစ်ပေါ်နေဆဲအခြေအနေကြောင့် အရှေ့လေစီးကြောင်းအားကောင်းနေတာလဲ တွေ့ရပါမယ်။

လက်ရှိအချိန်မှာ INVEST-92B မှ ဆက်ပြီး ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်သက်ရောက်မှုက ဧပြီလ အတွင်း ၅ ရက် (၁၁/၁၂/၁၃/၁၄/၁၅ နေ့တွေ) မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းး ဒေသတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။

ကျန်ပြည်နယ်တိုင်းဒေသများမှာဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများအတွက် ကြည့်ရန် link : https://www.mmweather.org/divisional-cities-weather

တရားဝင်မိုးလေဝသဌာနများမှ မနေ့က - နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်လို ကြေညာထားကြောင်းလဲ တင်ပြထားပြီးဖြစ်ပါတယ်။

⚠️ အခုအချိန်မှာ ငလျင်ဒဏ်သင့်ဒေသများ မိုးများနိုင်မဲ့ အခြေအနေရှိနေတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

(ဧပြီလ ၇ ရက် - ၁၂ နာရီ ၄၀ မိနစ်)

photo_2025-04-07_12-56-06%20%282%29 photo_2025-04-07_12-56-06 photo_2025-04-07_12-56-07%20%282%29 photo_2025-04-07_12-56-07 photo_2025-04-07_12-56-08%20%282%29 photo_2025-04-07_12-56-08

Next Post Previous Post

📱 Download APK

Useful Links