Apr7-25-အိန္ဒိယမိုးလေဝသဌာနIMD-Update

အိန္ဒိယမိုးလေဝသဌာန(IMD)ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ -

🔸 မနေ့က အထက်လေပွေလှိင်း - UACC သည် ဒီနေ့ မနက် ၉ နာရီခွဲ IMD က တိုင်းထွာချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာကြောင်း၊

🔸 နောက် ၄၈ နာရီအတွင်း(ဧပြီလ ၈ ရက်အထိ)မြောက်-အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း)ကို ဆက်လက်ရွေ့လျားမှာဖြစ်ကြောင်း၊

🔸 ကြိုတင်ခန့်မှန်းရေးမော်ဒယ်အများစုက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေပြီး လက်ဝဲရစ်လေစီးကြောင်းအားကောင်းခြင်းကို လျော့ကျစေတဲ့ Windshear ကြောင့် အခုထက်ပိုပြီး အားကောင်းလာနိုင်မဲ့အခြေအနေမရှိဘူးလို ခန့်မှန်းထားပါတယ်။

🔸 IMD ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းမလာနိုင်သော်လည်း မြောက်ဘက်ကိုဆက်လက်ရွေ့လျားမဲ့ လမ်းကြောင်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ မိုးများနိုင်၊ လေပြင်းတိုက်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး model များရဲ့ ၉ ရက်နေ့ ည ၁၁ နာရီမှ ၁၂ ရက် ည ၁၁ နာရီအထိ ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

🔸 စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်ချေကို သတိထားရပါမယ်၊ စိုက်ဆင်းလေပြင်းတိုတာ ဘာလဲ? https://www.mmweather.org/special-weather-situation/downburst

💦 မိုးများနိုင်မည့် အခြေအနေက - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ တွေမှာဖြစ်ပြီး ..

⛈ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

(ဧပြီ ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)

photo_2025-04-07_15-12-50%20%282%29 photo_2025-04-07_15-12-50 photo_2025-04-07_15-12-51%20%282%29 photo_2025-04-07_15-12-51%20%283%29 photo_2025-04-07_15-12-51 photo_2025-04-07_15-12-52

Next Post Previous Post

📱 Download APK

Useful Links