မြန်မာငလျင်နှင့် နီပေါငလျင် အဓိက ကွာခြားချက်များ
ကျွန်တော်သိသလောက်ပြောရရင်တော့ နီပေါငလျင်နဲ့ ခုဖြစ်သွားတဲ့ စစ်ကိုင်းငလျင်နဲ့မှာ ဆင်တူတာလေးတွေရှိတယ်ဆိုတာ လက်ခံရမှာပါ။ ဒါပေမယ့် ဆင်တူတာတွေကိုချည့်ပဲ ထည့်သွင်းစဉ်းစားပြီး သုံးသပ်လိုမရပါဘူး။ ကွဲလွဲတာလေးတွေလည်းရှိပါတယ်။
၁။ နီပေါမှာ ကျွန်တော်တိုရဲ့ စစ်ကိုင်းပြတ်ရွေ့လိုမျိုး Active ဖြစ်နေတဲ့ Fault မရှိပါဘူး။ သူတိုမှာရှိတာက Eurasian Plate နဲ့ India Plate ထိစပ်တဲ့နေရာပဲရှိတာပါ။
၂။ သူတိုက ၁ လ ကြာပြီးမှ Aftershock အကြီးဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တိုကတော့ ၁၀ မိနစ်လောက်ပဲကြာတဲ့အချိန်မှာ Aftershock အကြီးကြီးတစ်ခုက တံတားဦးမှာ လှုပ်ခဲ့ပါတယ်။ Magnitude 7.1 လို့ ထိုင်းငလျင်ဌာနက ပြောထားပါတယ်။
၃။ စစ်ကိုင်းပြတ်ရွေ့ရဲ့ ဗဟိုကြောဖြစ်တဲ့ စစ်ကိုင်း - မန္တလေး - မိတ္ထီလာ အပိုင်းရဲ့ စစ်ကိုင်းမှာ အကြီးကြီးလှုပ်လိုက်တဲ့အတွက် ပြတ်ရွေ့ကြီးတစ်ခုလုံးထဲမှာရှိတဲ့ ဖိအားတွေ လျော့သွားပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲငလျင်က အသေးလေးတွေပဲ ဆက်လှုပ်နေတာပါ။
၄။ ပဲခူးမြိုပါဝင်နေတဲ့အပိုင်းကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အပိုင်းဖြစ်ပါတယ်။ မိတ္ထီလာကနေ ဟိုး ကပ္ပလီပင်လယ်ထဲထိ သွားတဲ့အပိုင်းပါ။ အဲဒီအပိုင်းကတော့ စစ်ကိုင်းပြတ်ရွေ့ကြီးတစ်ခုလုံးရဲ့ အငြိမ်သက်ဆုံးအပိုင်းပါ။ ငလျင်လှုပ်တာမျိုး အတော်လေးရှားပါးပြီး ဖြစ်နိုင်ချေအနည်းဆုံးနဲ့ ရွေ့လျားမှု အနည်းဆုံးအပိုင်းပါ။ ဒါပေမယ့် သူကလည်း Active တော့ဖြစ်နေပါသေးတယ်။
၅။ နံပါတ် ၄ ကို ဆက်စပ်ပြီး ပြောရရင်တော့ ရန်ကုန်တောင်ပိုင်းမှာ ငလျင်ကြီးအနေနဲ့ မဖြစ်ခဲ့သေးဘူးဆိုပေမယ့် ဟိုး ဆူမားတြား ကျွန်းမှာတော့ 2004 ခုနှစ်က ဆူနာမီအကြီးကြီးဖြစ်ခဲ့ဖူးပါတယ်။ ဒါကလည်း စစ်ကိုင်းပြတ်ရွေ့ကြောကြီးနဲ့ ဆက်စပ်နေတဲ့ မြေသားအလွှာကြီးကနေဖြစ်ခဲ့ဖူးတာပါ။ ခုဆိုရင် နှစ် ၂၀ စွန်းစွန်းရှိခဲ့ပါပြီ။
ငလျင်လှုပ်တာတွေလည်း တနေ့ထက်တနေ့ အချိန်အကွာအဝေးက ပိုများပြီး ငလျင်အကြိမ်ရေနည်းလာကာ ပြင်းအားတွေလည်း နည်းလာတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် အရမ်းမစိုးရိမ်စေချင်ပါခင်ဗျာ။
အသေးစိတ်ဆက်လက်ဖတ်ရှုရန် The_main_difference_between_the_2015_Nepal_earthquake_and_Myanmar.pdf
မှတ်ချက်။ ။ ကျွန်တော် ငလျင်နဲ့ပတ်သက်ပြီး ပညာရှင်တစ်ယောက်မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် အချက်အလက်တွေကို ယှဉ်ထိုးစဉ်းစားကြည့်ရုံပါ။ တကယ့် ငလျင်ပညာရှင်တွေ၊ ဘူမိဗေဒ ပညာရှင်တွေကတော့ အသေးစိတ်တဲ့အချက်တွေပေါ်မူတည်ပြီး ဒီထက်ပိုတိကျတာတွေ ပြောပြနိုင်ပါလိမ့်မယ်ခင်ဗျာ။