Earthquake Disaster Review (Apr 10, 2025)

ကျ‌နော်တို မြန်မာနိုင်ငံမှာ အခု နှစ် ၁၀၀ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင်ပြီး ၇.၇ ကြီး လှုပ်လိုက်တာကြောင့် ဆုံးရှုးမှုတွေများလာတဲ့အခါကျမှ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာကြပါတယ်။ နာဂစ်မုန်တိုင်းကြီးဝင်ချိန်ကလဲ ဒီလိုပါဘဲ။ "ကျောချမှ ဓါးပြမှန်းသိ"ပြီး ခြေမကိုင်မိလက်မကိုင်မိတွေ ဖြစ်ကုန်ကြရတာပါဘဲ။

အခုငလျင်ကြီးလှုပ်တဲ့ ကိစ္စမှာ -

သိပ္ပံနည်းကျသီအိုရီတွေနဲ့ ဆွေးနွေးပြောဆိုကြတာရော၊ ရှေ့ဖြစ်ဟော ဝိဇ္ဇာနည်းတွေနဲ့ ခန့်မှန်းပြောဆိုကြတာရော နည်းလမ်းတွေက စုံပါတယ်။

ငလျင်ကြီးလှုပ်လိုက်တဲ့နေရာ(ဗဟိုချက်) ဦးဆုံး လှုပ်သွားတဲ့ ငလျင်ကြီး ၂ ခုနဲ့ ပြင်းအားသတ်မှတ်ထုတ်ပြန်ခြင်းဆိုတာတွေနဲ့ စပ်လျှဉ်း၍ နှိင်းယှဉ်လေ့လာကြည့်ရာမှာ - USGS က ပိုမိုတိကျမှန်ကန်တာကိုတွေ့ရပါတယ်။

ငလျင်ဒဏ်ခံဒေသက ထိခိုက်နစ်နာကြတဲ့သူတွေမှာတော့ စိုးရိမ်ပူပန်စိတ်တွေမြင့်တက်ပြီး တကယ်ဖြစ်လာနိုင်မဲ့ အန္တရာယ်တွေအပေါ် ဆက်လက်ရင်ဆိုင်ဖိုအတွက် ဆုံးဖြတ်ဆောင်ရွက်တဲ့အပိုင်းမှာ အငြင်းပွားကုန်ကြတာလဲ တွေ့ရပါတယ်။

လာနီညာဖြစ်စဉ်ရှိနေဆဲအခြေအနေကြောင့် -

အချိန်အခါမဟုတ် မိုးရွာနိုင်မဲ့ အန္တရာယ်၊ မြေအောင်းရေတိုးဝင်ခြင်းကြောင့် မြေကျွံကျနိုင်၊ ငလျင်ဒဏ်ခံအဆောင်အဦတချို ပြိုကျနိုင်တဲ့ အန္တရာယ်

စတာတွေအပေါ် လက်ငင်းရင်ဆိုင်ပြီး၊ ဂရုစိုက်ပြင်ဆင်ကြရမဲ့အစား -

မသေချာနိုင်တော့တဲ့ ငလျင်ကြီးတခု ထပ်လှုပ်မှာလားဆိုတဲ့စိုးရိမ်စိတ်၊ နောက်ဆက်တွဲငလျင်ငယ်တွေက ကြီးလာဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖိစီးသောကပွေနေကြတာတွေလဲ တွေ့ရပါတယ်။

ရုတ်တရက် ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေ ဆုံးရှုးသွားကြရတဲ့သူတွေကို ကိုယ်ချင်းစာနားလည်စိတ်နဲ့ ကျနော်တိုလဲ နေ့ရော/ညရော ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီဆောင်ရွက်နေကြတာ လျော့မသွားပါဘူး။

APP တွေ APK တွေက ထွက်လာတဲ့ data တွေမှာ ဘယ် APP, APK က စိတ်ချယုံကြည်ရမယ်ဆိုတာလဲ ဆန်းစစ်လေ့လာမှုတွေ ထွေပြားကုန်တာတွေ့ရပါတယ်။ သိပ္ပံနည်းကျ တွေးခေါ်လေ့လာကြဘိုလဲ တိုက်တွန်းချင်ပါတယ်။

ဘယ်သူ့ကိုမှ အပစ်တင်ရန်မလိုပါ -

လေ့လာရန် ကျန်နေသေးတာတွေကို စနစ်တကျ ဆက်လေ့လာပြီး သဘာဝဘေးပေါင်းစုံကြောင့် ဆုံးရှုးနစ်နာကြရတာတွေကို လျှော့ချနိုင်ကြပါစေ။ "ပျဉ်ဖိုး"ကိုလဲ နားလည်လာကြပါစေ။

1 2 3 4 5

Next Post Previous Post

📱 Download APK

Useful Links