ပြတ်ရွေ့ကြောကြောင့် မြေသားတွေအံလွဲသွား
"ပြတ်ရွေ့ကြောကြောင့် မြေသားတွေ အံလွဲသွားတာ ၂ ပေကနေ အများဆုံး ၁၅ ပေလောက်ရှိပြီး လောလောဆယ် မြေပုံရေးဆွဲရသလောက်တော့ မြေလွှာအက်ကွဲကြောင်းတွေက တောင်မြောက် ၉ မိုင်လောက်ထိရှိပါတယ်"
ဖြည့်ပြီး ပြောချင်တာက အခုတပါတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံအနှံ(ငလျင်ဒဏ်သင့်ဒေသတွေအပါအဝင်) မိုးတွေ များလာနိုင်ပါမယ်။ အခုလို မြေပြင်အနေအထားပြောင်းသွားတဲ့ ပြတ်သွား ရွေ့သွားတဲ့ ဒေသတွေထဲက မှတ်တမ်းမယူနိုင်/တိုင်တာစစ်ဆေးခြင်းမပြုနိုင်သေးတဲ့ပြတ်ရွေ့ပေါ်ကနေရာတွေ အများကြီးကျန်ပါသေးတယ်။
ကယ်ဆယ်ရေးအဖွဲတွေ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူတွေအားလုံးက မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်မှာကို မပြတ်သတိထားကြပါလို အသိပေးချင်ပါတယ်။
မူရင်း post တင်ပေးတဲ့အဖွဲ/စစ်ကိုင်းတံတားအောက်မှ မြေပြင်အနေအထားဓါတ်ပုံရိုက်ပြီးပိုပေးတဲ့အဖွဲတွေ ကို ကျေးဇူးအထူးတင်ပါတယ်။